Cassandra: The Modern Database Serving Mega-Scale at Netflix, Apple, and Beyond (1)
Cassandra: The Modern Database Serving Mega-Scale at Netflix, Apple, and Beyond (1) Introduction ကျွန်တော် DynamoDB နဲ့ အလုပ်လုပ်ခဲ့တဲ့ အတွေ့အကြုံ၊ Kubernetes ပေါ်မှာ in-house Cassandra clusters တွေ host ခဲ့တဲ့ အတွေ့အကြုံတွေအပေါ် အခြေခံပြီး modern NoSQL databases တွေအကြောင်း deep dive ဆင်းကြည့်ကြတာပေါ့။ Cassandra က ပြောစရာ concept တွေ တော်တော်များလို့ ဒါကို ပထမဆုံး series အနေနဲ့ စလိုက်ပါတယ်။ What is Cassandra? Apache Cassandra ဆိုတာ open-source, distributed NoSQL database တစ်ခုပါ။ သူက high write throughput ရဖို့၊ massive scale လုပ်နိုင်ဖို့နဲ့ continuous availability အတွက် built ဖြစ်ပြီးသားပါ။ Cassandra က data တွေကို tables, rows, နဲ့ columns တွေနဲ့ သိမ်းဆည်းပါတယ်။ ...